ဆီဆိုင်မြို့ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ ဓါတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။