နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်

ဇမ္ဗူသီရိ  ဇူလိုင်  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သတ်၍  တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဦးစားပေး မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ကြိုးစားအားထုတ်လျက် သီးထပ် သီးညှပ်စိုက်ခြင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည်ဖြင့် စနစ်တကျ စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက်၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍတွင် စိုက်ပျိုးရေးကို မြေလှပ်မထားဘဲ အပြည့်အဝစိုက်ပျိုးကြရန်၊ တိရစ္ဆာန် အစာပင်များ စိုက်ပျိုးရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန်နှင့် သီးထပ်သီးညှပ် စိုက်ပျိုးကြရန် စသည်ဖြင့် လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘဌေးတို့က မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာ ကြသည့်  ဒေသခံတောင်သူများက ဒေသဖွံဖြိုးရေးလုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင် ပြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်က  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများအား သွင်းအားစုဓာတ်မြေသြ ဇာများအား ပေးအပ်ခဲ့ပြီးနောက် မန်ကျည်းစိုက်ပျိုးခြင်းဖြင့် ကုသိုလ်ယူပါ စာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိ ရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)