ကွတ်ခိုင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲအမက(၄)ကျောင်းတွင် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကျင်းပ

ကွတ်ခိုင်     ဇူလိုင်   ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်းခွဲအမက(၄)ကျောင်းတွင် ယမန်နေ့‌ နေ့လည်(၁)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာဟောပြောပွဲတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိဒေါ်ဌေးဌေးဝင်းက ‌လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း‌ ပြောကြားပြီး‌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူငယ်တွေအတွက်ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ပြီး၊ ပညာဟုဆိုရာတွင် စာပေသာမက အသိပညာ၊ အတတ်ပညာနှင့် အခြားသော လောကအတတ်ပညာများကို ဆိုလို သည်ဟူ၍ပြောကြား၍ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်‌ ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေးစသည့်‌ ခေါင်းစဉ် များဖြင့် အသိပညာပေးဟောပြောသွားကြောင်း သိရသည်။ ဆက်လက်၍ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်နှင့် ပတ်သက်‌သောအကြောင်းအရာ များကိုလည်း ဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက်ဟောပြောပွဲအပြီး တွင်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိပညာပေးအ‌ကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်မူးယစ် ဆေးဝါးဆိုင်ရာ အကြောင်း အရာများပါဝင်သော နံရံကပ်စာ‌စောင်နှင့်ဓာတ်ပုံများပြသပြီး မြို့နယ်ပြည်သူ့စာ ကြည့်တိုက်မှ ဗဟုသုတရဖွယ် သုတ/ရသစာအုပ်များကိုလည်း ခင်ကျင်းပြသထားရာ ကျောင်းသား/ သူများ ကလည်းစိတ်ပါဝင်စားစွာဖြင့်လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရပါသည်။

ထိုကဲ့သို့ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်းမှာ လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုမှု အလေ့အထ ဖြစ်လာ ကြစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)