သုံးခွမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာ၀ ပတ်၀န်းကျင် သာယာလှပစေရေးတို့အတွက်    မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့်  သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို အောင်ပန်းစိန် ဇောတိက ဩဘာညွှန့် ကားလမ်းမဘေးတွင် ဇူလိုင်လ ၁၃ နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာတွင် ဒေသဖွံ့ဖြိုး‌ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီခွဲက ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများပေးအပ်ပွဲ သန်လျင်ခရိုင်၌ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ

မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲနှင့် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 သရက်မြို့၌ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို နားလည်သိရှိ၍ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျေးရွာအခြေခံပညာကျောင်းများတွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျေးလက်ဒေသများထိပါ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးနေလျက်ရှိရာယနေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ညောင်ကားယား အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ရှားချောင်းကျေးရွာအနီးတွင် ကျင်းပရာ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။

ပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် စာပေပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲသို့တက်ရောက်

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူး ဦးသူအောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာ၊ အသိပညာပေးစင်တာတွင် ကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံပွဲနှင့် ချောင်းမငယ်ရေလှောင်တမံ Agroecological စီမံကိန်းမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Subscribe to