ရခိုင်ပြည်နယ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ပြည်နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စစ်တွေ  ဇူလိုင်   ၁၆

ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးပြည်နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နယူးဝေါလ်ခန်းမတွင်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ မြင့်မြင့်သန်း ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်၊  စစ်တွေတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ရခိုင်ပြည်နယ်ကျောင်း ကျန်းမာရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊  မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ် ကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာ မြင့်မြင့်သန်းက ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီးနောက် ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးကို ဦးတည်လျက် ကျောင်းသားလူငယ်များ၏ ကျန်းမာ‌ရေးအဆင့် အတန်းကို မြင့်မားစေမည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာ ရေးလုပ်ငန်းများ အားဖြည့် ဆောင်ရွက်ရန်အတွက်  ပြည်နယ်နှင့်မြို့နယ်များမှ ပညာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးများပါဝင်လျက်ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းဆိုင်ရာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး ပြည်နယ်အဆင့်အလုပ်ရုံးဆွေးနွေးပွဲအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုများနှင့် ယခုလာမည့် သြဂုတ်လတွင်ကျင်းပမည့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ပညာရေးမှူးက ရခိုင်ပြည်နယ်အတွင်း ကျောင်းကျန်းမာရေး လုပ်ငန်းဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးက ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းဆိုင်ရာ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ)က ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုများ၊ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ တည်ထောင်ရာတွင် အဟန့်အတားဖြစ်နေသော အကြောင်းရင်းများ၊ အဟန့်အတားများကို ကျော်လွှားနိုင်မည့်နည်းလမ်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)