ခိုလမ်မြို့ရုံး၊ (Community Centre)ခန်းမ၌ “နိုင်ငံ့ဝန်ထမ်းဥပဒေ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ခိုလမ် ဇူလိုင် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံးတွင်"နိုင်ငံ့ဝန်ထမ်း ဥပဒေ"စာအုပ် ဖြင့် ယနေ့နံနက်(၁၀:၃၀)အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က ဝန်ထမ်းများလိုက်နာရမည့် တာဝန်များ၊ လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များ၊ ခွင့်အမျိုးအစားများ စသည်တို့ကို ဝန်ထမ်းများအား သိရှိနိုင်စေရန် ရှင်းလင်းဖတ်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း၌"နိုင်ငံ့ဝန်ထမ်းဥပဒေ" စာအုပ်မှအခန်း(၄) တာဝန်နှင့်အခွင့်အရေးများ၊ အခန်း(၅)လစာ၊ ထောက်ပံ့စရိတ်၊ ခရီးစရိတ်နှင့်အခြားစရိတ်များ၊ အခန်း(၆)ခွင့်ခံစားခြင်းကို ဝန်ထမ်းများက အသီးသီးဖတ်ကြားပြီး သိရှိလိုသည်များ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

နေလင်းထွန်း(ပြန်/ဆက်)