ပန်လုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပန်လုံ ဇူလိုင် ၁၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က အ.ထ.က ပန်လုံကျောင်းရှိ ရွှေသံလွင်ခန်းမ၌ ကျင်ပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က ပန်လုံကျောင်းမှ အထက်တန်းဆင့် ကျောင်းသူလေးများမှ “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်လတ်နှင့် မြို့အုပ်ချူပ်ရေးမှူး ဦးအာကာထွန်းသိန်းတို့က အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အက်(စ်)ခေါင်စေးကကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပညာရည်ချွန်ဆုရရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ထူးချွန်ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အထက်တန်းဆင့်ကျောင်းသူလေးများမှ “မြတ်ဆရာ” သီချင်းဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားကို (၁၁)နာရီတွင် ပိတ်သိမ်းခဲ့ပါသည်။

အဆိုပါ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ မိဘပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်လုံ(ပြန်/ဆက်)