ရှမ်းရွာသစ် ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနံနက်ပိုင်းတွင် မြို့အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၂)ဦးတို့အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများက မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၂)ဦးတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧပြီ၊ မေ၊ ဇွန် ပထမ (၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၂၁၆၀၀၀၀/-)ကို ရပ်ကွက်နှင့်ကျေးရွာ အုပ်စုတာဝန်ရှိသူများထံသို့ လက်ဝယ်အရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ရှိ အမှတ်(၁)ရပ်ကွက်၊ ကွီးလေးကျေးရွာအုပ်စု၊ စောလောကျေးရွာအုပ်စု၊ ပိုးပလေ ကျေးရွာအုပ်စု၊ မဲလရောကျေးရွာအုပ်စု၊ မဲလောခီးကျေးရွာအုပ်စု၊ မဲသမူးကျေးရွာအုပ်စုနှင့် ရင်းဘိုင်း ကျေးရွာ အုပ်စုတို့တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် အဘိုး(၂၆) ဦး၊ အဘွား(၄၆)ဦး စုစုပေါင်း(၇၂)ဦးရှိရာ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၁၆၀၀၀၀/-) ကို ကျေးရွာအုပ်စုတာဝန်ရှိသူများက လက်ဝယ်အရောက် စနစ်တကျ ကွင်းဆင်းထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)