စုကလိ ဇူလိုင် ၁၇
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့ကျောင်းသားလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်မောင်မယ်များအနေဖြင့် ပြည့်စုံစေရန် စာရိတ္တ၊ လေ့လာနိုင်သည့် စာပေဗဟုသုတများ ရရှိစေရန် ရည်ရွယ် ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ပိုပိုအောင်က ကျောင်းသားလူငယ်များနှင့် အနာဂတ်များခေါင်းစဥ်ဖြင့် ဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ကိုယ်ပိုင်အနာဂတ်များကိုဖန်တီးရာတွင် စာပေဗဟုသုတ လေ့လာခြင်းမှစတင်၍ ကြိုးစားကြစေလိုကြောင်း၊ သင်ယူရင်းလေ့လာရင်းမှ ကြိုးစားပြီး မိမိတို့၏ အနာဂတ်များနှင့် မိမိတို့၏ ဒေသကိုပြန်လည်အကျိုးပြုနိုင်သော သားကောင်းသမီးကောင်း များဖြစ်ကြစေရန် တို့ကိုဟောပြောပေးခဲ့ကြောင်း သိရသည်။
ပိုပိုအောင်