(၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ပြုလုပ်

အမရပူရ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပိန်းတန်းရပ်၊ ပိန်းတန်းအခြေခံပညာမူလတန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောခြင်း​၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပြီး စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို  ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်က အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အာဇာနည်နေ့ အကြောင်းနှင့် အာဇာနည်ကြီးများ၏ အတုယူဖွယ်ရာများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ဟောပြောခဲ့သည်။ ထို့နောက် နံရံကပ်စာစောင်အဖြစ် ၁၉ဇူလိုင်မမေ့နိုင် ခေါင်းစဥ်ဖြင့် အာဇာနည်ကိုးဦးအကြောင်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့သည်။

ယင်းနောက် စာဖတ်ရှိန် မြှင့်တင်ရေးအဖြစ် ကျောင်းသားကျောင်းသူများကို စာအုပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)