ပေါက်ခေါင်း ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက မြို့နယ်အားကစားကွင်းရှေ့၌ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို မြို့နယ်တရားရုံးရှေ့မှ မြို့နယ်ပညာရေးမှူးရုံးရှေ့အထိ မြို့တွင်းလမ်းအတိုင်း ကျင်းပမည်ဖြစ်ရာ ဖျော်ဖြေရေးများ၊ စတုဒိသာ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် ရေကစားသူ ပြည်သူများအနေဖြင့် ပေါက်ခေါင်းမြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)