ရွှေပြည်သာမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ နွေရာသီကွန်ပျုတာသင်တန်းနှင့် ပန်းချီအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရွှေပြည်သာ ဧပြီ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ၌ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နွေရာသီကွန်ပျုတာသင်တန်းနှင့် ပန်းချီအခြေခံသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်‌မေမွန်ထွဋ်က ကွန်ပျုတာသင်တန်းနှင့် ပန်းချီအခြေခံသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန် ကွန်ပျုတာနှင့် ပန်းချီပညာအား အခြေခံမှစ၍ စနစ်တကျတတ်‌မြောက်‌စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ကွန်ပျုတာသင်တန်းဆရာ ဦးဟန်စိုးနှင့် ပန်းချီသင်တန်း နည်းပြဆရာချိုပန်းချီ(ပညာရေး)က သင်ကြားပေးခဲ့သည့် သင်ခန်းစာများအကြောင်းနှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ခဲ့မှုများ၊ ဆုရွေးချယ်ခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ၊ သင်တန်းသား၊ သင်တန်းသူများ အုပ်စုအလိုက်၊ ဆောင်ရွက်ခဲ့မှုများအား ပြသပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် သင်တန်းနည်ပြဆရာများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား လှည့်လှည်ကြည့်ရူခဲ့ကြသည်။

နေမျိုးထွန်း (ပြန်/ဆက်)