နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နောင်ချို ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲ စည်းကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး​ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်သန်းဇော်တို့က ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများလည်းပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာနှင့် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကျင်းပနိုင်ရေးနှင့် မြန်မာ့ယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်စေမည့် လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်များ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး၊ စတုဒီသာကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်များ သီဆိုဖျော်ဖြေခြင်းနှင့်အတူ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင်လည်း အန္တရယ်ကင်း ပရိတ်တရားများရွတ်ဖတ်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သက်ဆိုင်ရာကော်မတီနှင့် အသင်းအဖွဲ့အသီးသီးက မိမိတို့ကော်မတီအလိုက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)