မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ် စွမ်းအားများပြည့်ဝစေပြီးစာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့၊ အင်းခေါင်းကန်သဘာဝရေထွက်တောဧရိယာအတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်စွာဦးက သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

စလင်းမြို့ အမှတ်(၂)အခြေခံပညာထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ်ဟောပြောပွဲ နှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနား   ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန် ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်၊ ဓာတ်ပုံ ပြပွဲနှင့်ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို Community Centre ခန်းမှတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် (၇၆)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရန်နှင့်

ကြို့ပင်ကောက်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်ဥဩစွဲခြင်း အစီအစဉ်ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဥဩစွဲခြင်းအစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီး၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်အတွင်း နေရာငါးနေရာတွင် တစ်ပြိုင်တည်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to