လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ

ငါးသိုင်းချောင်းမြို့ ဇူလိုင် ၁၉

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ကို ပန်းချီဆွဲပြိုင်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပန်းချီပြိုင်ပွဲတွင် ငါးသိုင်းချောင်းမြို့၊ ရွှေတောင်လမ်း ယုံဝမ် (အ.မ.က) ကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ ရှမ်းတန်း (အ.မ.က) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၁၈) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများနှင့် ပါဝင်ယှဥ်ပြိုင်သူများကို ဆုလက်ဆောင်များချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)