ဖျာပုံ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို
ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ကဖျာပုံမြို့နယ်ကျုံကူတူးမြောင်းကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း၊ ခန်းမ၌ကျင်းပပြုလုပ်သည်။
အဆိုပါစကားဝိုင်း ပြုလုပ်ရာတွင်ဖျာပုံမြိုနယ်၊ ကျုံကူတူးမြောင်းကျေးရွာ၊ အ.လ.က ခွဲကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းအေးက အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မာမာလွင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း" ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ် မာမာလွင်၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်လှိုင်၊ ကျုံကူတူးမြောင်းကျေးရွာ အ.လ.က.ခွဲ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးနှင့်အတူ၊ Grade ( 7) မှမောင်ပြည့်ဖြိုးအောင်က"လူငယ်နှင့်ရည်မှန်းချက်၊ မောင်အေးမင်းခန့် က "လူငယ်နှင့်အနာဂတ်" Grade (9) မှ မစိုးစန္ဒာနိုင် က"လူငယ်နှင့်စာပေ" ၊ မပြည့်ပြည့်ဝင်း က "လူငယ်နှင့်အားကစား" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းချက်များအား၊ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ကျုံကူတူးမြောင်းကျေးရွာ အ.လ.က. (ခွဲ) ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါစကားဝိုင်းသို့ ကျုံကူတူးမြောင်းကျေးရွာ အ.လ.က (ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)