ကျိုင်းတုံတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့၊  ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခန်းအနားကို ယမန်နေ့ နံနက် (၉:၃၀)ချိန်က ကျင်းပပြုလုပ်ရာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်နှင့် ပါမောက္ခ၊ ကထိက ၊ ဌာနမှူးများ၊ နည်းပြသရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာမြမြခင်မှ အဖွင့်အမှာစကား ပြောကြားပေးပြီး မြန်မာစာဌာနမှ ပါမောက္ခ၊ ဌာနမှူးဒေါက်တာမိုးမိုးစောမှ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊  မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်(၉)ဦးတို့၏ အတ္တုပ္ပတ္တိ အကြောင်းအရာ များကို ဟောပြောပေးခဲ့သည်။

ဟောပြောပေးပါသော မြန်မာစာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမိုးမိုးစောအား ကျိုင်းတုံ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြမြခင်မှ ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြင့်သည်။ (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ကျိုင်းတုံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဒေါက်တာမြမြခင်မှ ဆုအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)