ကျိုက်ဒုံ ဇူလိုင် ၂၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk show) ကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် ဒေါ်ဝါဝါလင်း (ရုပ်သံကျွမ်းကျင်-၃) တို့မှ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဥ်ဘဝမှ လွတ်လပ်ရေးရသည်အထိ ကြိုးပမ်းမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဥ်များ၊ အာဇာနည်သူရဲကောင်းတို့၏ အထ္ထုပ္ပတ္တိနှင့် လွတ်လပ်ရေးရရန် ကြိုးပမ်းဆောင်ရွက်ချက်များ၊ အတုယူစရာ အာဇာနည် သူရဲကောင်းတို့၏စိတ်ဓါတ် စသည့်အကြောင်းအရာများကို အကျယ် တစ်ဝင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်