သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်ပွဲကို ဇူလိုင်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင့်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။