တပ်ကုန်း ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အနော်ရထာရပ်ကွက်၊ လေသာဘုန်းတော်ကြီးကျောင်းဝန်း အနီးတွင် ကျင်းပခဲ့ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူး၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်သည်။
ရှေးဦးစွာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ် အရိပ်ရအပင်ကို သတ်မှတ်နေရာတွင် စိုက်ပျိုးပေးခဲ့ပြီး နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံပြည်သူများက ရတနာတန်းဝင် ကျွန်းအပါဝင် မယ်ဇလီ၊ ကုက္ကိုလ်ပင်စသည့် ပျိုးပင်ပေါင်း (၅၀)ကို သတ်မှတ်နေရာအသီးသီးတွင် တပျော်တပါး စိုက်ပျိုးခဲ့ရာ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့တွင် တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းများ၊ အခြေခံ ပညာရေးကျောင်းဝန်းများ၊ ကျေးရွာချင်းဆက်လမ်းဘေး ဝဲ/ ယာနေရာများတွင် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းစိုက်ဧက ၅ဒသမ၅၀၊ ရတနာတန်းဝင် ကျွန်းအပါ ဝင် စုစုပေါင်းပျိုးပင် ၂၇၅၀ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင် (ပြန်/ ဆက်)