သဲကုန်းမြို့နယ် အင်းမမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ   

သဲကုန်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို  ဇူလိုင်လ ၂၁ရက်နေ့ နေ့လယ်(၁) နာရီက အင်းမ​မြို့ သီရိမင်္ဂလာရပ်ကွက် ဓမ္မရောင်ခြည်ဓမ္မာရုံ တွင်အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  သဲကုန်းမြို့နယ် အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အင်းမမြို့အုပ်ချုပ်​​ရေးမှူး ဦးကောင်း​မြတ်ဟိန်းမှ ဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက် စေရေး၊  လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အတွက်အသိပညာပေး  သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသား မှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ မီး​​ဘေးအန္တရာယ်ကာကွယ်​ရေးလုပ်ငန်းများ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ စိုက်ပျိုး​ရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များမှန်ကန်​စေ​ရေး၊စိုက်ပျိုးသီးနှံများ​အောင်မြင်ဖြစ်ထွန်းစေ​ရေး၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှု အခြေအနေများ၊  စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေး စသည်တို့အား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ဒေသခံတောင်သူ ၅၅ဦးတက်​ရောက်ခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ ဆက်)