ကျိန္တလီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ကျိန္တလီမြို့၊ အမှတ်(၃) ရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်း၊ ရောင်နီဦးလမ်းနှင့် နှင်းဆီလမ်းရှိ နေအိမ်များသို့သွားရောက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပဲခူးပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို ဇူလိုင်လ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ဝန်ထမ်းနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှင့် ဝန်းထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေ ၄၅၀၀ ဂါလံဆံ့ ရေလှောင်အုတ်ကန်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ဇီးပင်ကြီးတဲတိုက်သို့ အလှူရှင်မိသားစုမှ ဇီးပင်ကြီးတဲတိုက်သူ/သားများ သောက်သုံးရေသိုလှောင်ပြီး ရေသုံးစွဲမှု အဆင်ပြေစေရန် ယနေ့နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သရက်မြို့၌ တမာပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်း စိမ်းလန်းစိုပြေပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုများကို လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာစေရန်အတွက် စုပေါင်းတမာပင် စိုက်ပျိုးပွဲတော် စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားချည်းကပ်လမ်းအနီး၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အောင်လံမြို့၌ ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက် ၇ နာရီက စမ်းချောင်းရပ်ကွက် တာဝတိံသာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင်  GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်သူဒေါ်ကြည်ကောင်း စိုက်ပျိုးထားသော GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းလျက်ရှိရာ အစိုတင်း(၁၀၉)တင်းထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

သံဖြူဇရပ်-ရေး 66 KV ဓာတ်အားလိုင်းတာဝါတိုင် တည်ဆောက်ရေးအတွက် နှစ်ရှည်သီးနှံပင် လျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ 66KV သံဖြူဇရပ်-ရေးဓာတ်အားလိုင်း၊ သံ ဖြူဇရပ်မြို့နယ်အတွင်း တာဝါတိုင်ဖြတ်သန်းတည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နှစ်ရှည်သီးနှံပင်များနှင့်သီးပင်စားပင်များအား ဒုတိယအကြိမ် (ဒုတိယအသုတ်) လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းပျဉ်းမြို့၌ သတိပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သတိပြုကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲတော် ကျင်းပ

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့်အဖွဲ့ချုပ် နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to