စလင်းမြို့နယ်တွင်  အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  စားသုံးရန်မသင့်သည့်  အစားအသောက် ကုန်ပစ္စည်းများအား  ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

စလင်း ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့စည်ပင်သာယာစျေးကြီး  အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးဆိုင်များအားမကွေးတိုင်းဒေသကြီး  အစားအသောက်နှင့်ဆေးဝါး  ကွပ်ကဲရေးဦးစီးဌာနမှ  စျေးကွက်အတွင်း စားသုံးရန်မသင့်သည့်  ကုန်ပစ္စည်းများကိုရောင်းချခြင်း ရှိ/ မရှိစစ်ဆေးခြင်းကို  ရွေ့လျားဓာတ်ခွဲယာဥ်ဖြင့် ယနေ့နံ နက်၉နာရီအချိန်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  စားသုံးသူရေးရာဦးစီးဌာန. ပူးပေါင်းအဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွန့်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ခံ  ဦးဆန်းလင်းမောင်  ဦးသီဟဝင်း၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ရုံးမှ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စျေးတာဝန်ခံ  ဦးညီညီစန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းအဖွဲ့တို့က မြိ့​မစည်ပင်သာယာ  စျေးအတွင်းအပြင်  ရောင်းချလျက်ရှိသည့် စျေးဆိုင်များမှ  ကုန်ပစ္စည်းများအား  စျေးကွက်နမူနာ ကောက်ယူ၍ (Mobile Lab Van ဖြင့် မုန့်ဟင်းခါး၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငရုပ်သီးအရောင်တင်မှုန့်၊ ပဲပြား၊ သရက်သီးကုလားဒယ်၊ လဖက်၊ ငပိဆနွမ်းမှုန့်၊ နှင့်အမျိုးအမည်(၂၀)တို့ကို ရွေ့လျားဓာတ်ခွဲယာဥ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။ ပြည်သူများအစားအသောက်ကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုပစ္စည်းများအလွန် အကျွံသုံးစွဲခြင်း  ရှိ/ မရှိစစ်ဆေးခြင်း  ထို့အပြင် ကုန်ပစ္စည်းအစားအသောက် ရောင်းချသူများတွင် အသုံးမပြုသင့်သော  ဓာတုပစ္စည်းများ  ခွင့်မပြုဆိုးဆေးများအကြောင်း  အသိပညာပေးခြင်းဖြင့်  လက်ကမ်းစာစောင်များဖြန့်ဝေခြင်း  ဆောင်ရွက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်လွင် (ပြန်/ ဆက်)