ရွှေတောင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ရွှေတောင် ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဥ်(၂၁ ၊ ၂၂)ရက်နေ့များတွင် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ဦးဆောင်မှုဖြင့် ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများတွင် ဆေးရုံအုပ်ကြီးဒေါက်တာအောင်မျိုးသန့်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်၊ ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးအတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း(၂၁)ရက်နေ့နှင့်(၂၂)ရက်နေ့တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)