နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်လုံးဆိုင်ရာ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

လယ်​ဝေး ဇူလိုင် ၂၃

 ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စိုင်ခေါင်းရိုးကျေးရွာအုပ်စု (အ.မ.က)ကျောင်းဝန်းအတွင်း ယမန်​နေ့နံနက် ၈ နာရီက ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ရတနာတန်းဝင်ကျွန်းပင်အား စိုက်ပျိုးပေးပြီး လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊  အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းကျော်သူ၊ အဖွဲ့ဝင်(၂) ဦးဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူး မိုးကျော်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများက ကျွန်းပင်၊ ပိတောက်ပင်၊ စစ်၊ စိန်ပန်း၊ မျောက်ငို၊ ယင်းမာ၊ ပျဉ်းမ စသည့်ပျိုးပင် ၁၀၀ အား စိုက်ပျိုးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက သစ်ပင်စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ ၌ ကျွန်းပင် ၃၀၀၊ ပိတောက် ၁၀၀၊ စိန်ပန်း ၁၀၀၊ မယ်ဇလီ ၁၀၀၊ မန်ဂျန်ရှား ၁၀၀၊ ငုရွှေဝါ ၁၀၀၊ ယင်းမာ ၁၀၀၊ ချင်းဒညင်း ၁၀၀၊ ပျဉ်းမ ၁၀၀၊ စစ် ၄၀၀ ၊ မယ်ဇလီ ၄၀၀ပင်၊ စုစုပေါင်း ပျိုးပင် ၁၉၀၀ တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ ဦးဆောင်၍ ကျေးရွာနေပြည်သူလူထုတို့မှ တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဝေကြည်(ပြန်/ ဆက်)