ကန်ကြီးထောင့် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဇင်မာဦးနှင့်ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ်(၁၂:၃၀)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.ကကျောင်းသို့ သုတ၊ ရသစာအုပ်စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့ရာတွင် ငှားရမ်းစာအုပ်များအနဖြင့် ဝတ္ထု ၊ မဂ္ဂဇင်း ၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အသင်းဝင်ခြင်း၊ စနစ်တကျစာငှားခြင်းလုပ်ငန်းများအား စနစ်တကျ ပူးပေါင်းပါဝင်ဆာင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူများမှစာအုပ်စာစာင်များအား ပျော်ရွင်စွာ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်(ပြန်/ဆက်)