ငပလီ ဇူလိုင်၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ အ.မ.က မူလွန်ဇီးဖြူကုန်းကျောင်းခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရှောင်ရှားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၃း၀၀) နာရီက အ.မ.က မူလွန်ဇီးဖြူကုန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီမြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကာကွယ်စောင့်ရှောက်မှုလိုအပ်သောကလေးသူငယ်များ၊ ဥပဒေဖြင့်ကာကွယ်ပေးထားသောရပိုင်ခွင့်၊ ကလေးနှင့်ရပိုင်ခွင့်၊ မူးယစ်ဆေးသုံးစွဲခြင်းဆိုးကျိုးများအား ကျောင်းသားလူငယ်စာပေဝါသနာရှင်များသိရှိ စေရန်ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက်ကျောင်းသားလူငယ်စာပေဝါသနာရှင်များက နံရံကပ်စာစောင်နှင့်ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို အ.မ.ကမူလွန်ဇီးဖြူကုန်းကျောင်းခန်းမ၌တစားလေ့လာဖတ်ရှုခဲ့ကြကြာင်း သိရသည်။
မြင့်မြင့်အေး(ပြန်/ ဆက်)