စစ်ကိုင်း ဇူလိုင် ၂၃
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း ဖွင့်ပွဲကို ဇူလိုင်(၂၁)ရက်၊ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင့်းသဘင်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် သမဝါယနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီက ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို စာပေပညာသာမက ဘက်စုံထူးခွန်တဲ့ လူတော်/ လူကောင်းတွေဖြစ်အောင် နှစ်စဉ်နှစ်တိုင်းကျောင်းလှုပ်ရှားမှုအစီအစဉ်များကို စနစ်တကျရေး ဆွဲကာ ဆောင်ရွက်လေ့ရှိကြောင်း၊ လက်တွေ့အသုံးချတက်စေရန်နှင့် အမိတက္ကသိုလ်မှဘွဲ့ရရှိသွားသည့် အခါ ကိုယ်ပိုင်လုပ်ငန်းငယ်များ တည်ထောင်နိုင်ခြင်းမှတဆင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တန်ဖို့မြှင့်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့် လှစ်ပေးခဲ့ရာ စိတ်ဝင်စားစွာလေ့လာမှတ်သား၍ လက်တွေ့ဆောင်ရွက်သွားကြပါလို့ အထူးတိုက်တွန်း လိုကြောင်း ပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေး ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင်(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ(၇)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပိုချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ၊ နည်းပြဆရာ/ ဆရာမများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင် (ပြန်/ ဆက်)