တံတားဦးမြို့တွင် ဝါးခြင်းရက်လုပ်နည်းသင်တန်းအခမဲ့ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဝါးခြင်းရက်လုပ်နည်း(အခမဲ့)သင်တန်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ နရွဲချောင်ကျေးရွာတွင် အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် နရွဲချောင်းကျေးရွာအုပ်စု၊ နရွဲချောင်ကျေးရွာ ဇူလိုင်လ (၄)ရက်မှ သြဂုတ်လ (၁၉)ရက်နေ့အထိ တစ်လခွဲ အခြေခံမော်တာစက်ချုပ်သင်တန်းကို

တနင်္သာရီမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်း(၁)ကျေးရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် အများသဘောဆန္ဒအရကော်မတီဝင်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ပြုလုပ်ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်  ကုက္ကိုပင်လဲပြိုမှုအား  ပူးပေါင်းရှင်းလင်းဆောင်ရွက်

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက (၄၈)ရပ်ကွက် စိတ္တရကျော်သူဦးဩ လမ်းအတွင်း ညနေ ၄ နာရီခန့်က  မိုးရွာသွန်းမှု‌ကြောင့် ကုက္ကိုပင်လဲပြိုမှုပြစ်ပွားပြီး လျှပ်စစ်ဓာတ်ကြိုးပေါ်လဲကျမှု ဖြစ်ပွားခဲ့ရာ ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

အသေးစား အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ညှိနှိုင်းဆွေးနွေး

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရေဖြူမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် (၂၅) ရက် နံနက် (၁၀) နာရီက ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဘားအံမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်း များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျိုမက်ထရိုပိုလီတန်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျိုမက်ထရိုပိုလီတန်တက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ဖောင်တော်သီ)၊ ကျန်းမာရေးဦးစီးဌာန(ဖောင်တော်သီ) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ဖောင်တော်သီ)၊ ကျန်းမာရေးဦးစီးဌာန(ဖောင်တော်သီ)၊ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဖောင်တော်သီ)အေးမြသီတာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၊ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။
Subscribe to