အလုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယမန်နံနက် ၁၀ နာရီက အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်ရှိ အဆိုပါအသင်းစု၏ စံပြအရောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်မှ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။