ဒိုက်ဦး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ဖောင်တော်သီ)၊ ကျန်းမာရေးဦးစီးဌာန(ဖောင်တော်သီ)၊ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ဖောင်တော်သီ)အေးမြသီတာ ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့(ဖောင်တော်သီ)မှ စခန်းမှူးရဲအုပ်နေဝင်းဦးက လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအသိပညာပေးအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့် ကစားသုံးသူကာကွယ်ရေး အသိပညာပေးအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးက အသိအလိမ္မာတိုးစေဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မေဇင်အောင်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ဦးခွန်ဘသောင်း ကရှောင်လေဝေးဝေးမူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြပါသည်။
အခမ်းအနားသို့အ.ထ.က(ဖောင်တော်သီ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စိန်စိန်သန်း နှင့်ဆရာ/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူ ၂၅၀ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)