ဒဂုံမြောက် ဇူလိုင် ၂၅
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက (၄၈)ရပ်ကွက် စိတ္တရကျော်သူဦးဩ လမ်းအတွင်း ညနေ ၄ နာရီခန့်က မိုးရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲပြိုမှုပြစ်ပွားပြီး လျှပ်စစ်ဓာတ်ကြိုးပေါ်လဲကျမှု ဖြစ်ပွားခဲ့ရာ ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ (၄၈)ရပ်ကွက် စိတ္တရကျော်သူဦးဩ လမ်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် ကုက္ကိုပင်လဲပြိုမှုဖြစ်ပွားပြီး လျှပ်စစ်ဓာတ်ကြိုးပေါ်လဲကျမှု ဖြစ်ပွားရာသို့ ရပ်ကွက်နေပြည်သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှ ဝန်ထမ်းများပူးပေါင်း၍ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ညနေ ၆ နာရီခွဲ ခန့်တွင် ရပ်ကွက်နေပြည်သူများအား အချိန်နှင့်တပြေးညီ လျှပ်စစ်ဓာတ်အားပြန်လည် ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)