မောက်မယ်မြို့နယ်၌GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက် GISနည်းပညာဖြင့်Census Unit ကောက်ယူရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။  

ကန့်ဘလူမြို့ အ.မ.က(၄)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်တပ်ဆင်ထားမှုကို ခရိုင်စီမံအုပ်ချုပ်ရေးနှင့်အဖွဲ့ သွားရောက်လေ့လာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ Gold Luck အပန်းဖြေစခန်းတွင် တပ်ဆင်ထားသည့် နေရောက်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစနစ်တပ်ဆင်ထားရှိမှုကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပုဂ္ဂလိကဆေးရုံ၊အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပုဂ္ဂလိကဆေးရုံများ၊ အထူးကုဆေးခန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်၊၊

အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချသူများဝင်ငွေပိုမိုရရှိ

အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက် ဒေသခံစိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခုအခါတစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူများပြားလာကြောင်း  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများထံမှ သိရှိရသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အားကစားကွင်း၌ မြို့နယ်အဆင့်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဗန်းမော်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်  (ကျား/မ) မိုးရာသီဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးချိန်ကာလအတွင်း လားရှိုးမြို့အနီးရှိ ဒေသခံအများစု လယ်ယာစိုက်ပျိုးခြံများတွင် လုပ်ငန်းခွင်ဝင်ရောက်မှုများ

လားရှိုးမြို့သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ မိုးရာသီစိုက်ပျိုးချိန်ကာလအတွင်း လယ်စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများသည့် ဒေသတစ်ခုဖြစ်သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ကချင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက် အားပေးချီးမြှင့်သည်။

မိုးညှင်းတက္ကသိုလ်၌ မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် မြန်မာ့ရိုးရာခြင်းလုံးအလှပြ ခတ်ပြခြင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ဇူလိုင် (၂၄) ရက် ညနေ (၃) နာရီခွဲက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to