အသေးစား အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး မြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ ညှိနှိုင်းဆွေးနွေး

ရေဖြူ ဇူလိုင် ၂၅

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရေဖြူမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် (၂၅) ရက် နံနက် (၁၀) နာရီက ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာများ လေ့ကျင့်သင်ကြားပေးရန်နှင့် စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းတို့ကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးမျိုးမြင့်နိုင်က အသေးစား၊ အငယ်စားနှင့်အလတ်စား လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ မှတ်ပုံတင် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားများနှင့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပြီး စားသောက်ကုန် လူသုံးကုန် အလှကုန်ပစ္စည်းများကို ဘေးအန္တရယ်ကင်းရှင်းအောင် ဓာတ်ခွဲ စမ်းသပ်ဆောင်ရွက်ပေးခြင်း အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။  

ပြည်သူလူထု မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရေဖြူမြို့နယ်အတွင်း ကျေးရွာ (၃) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အသေးစားစီးပွားရေး ကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန်၊ အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများကိုလည်း  ကျွမ်းကျင်သည့် သင်တန်းနည်းပြများမှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခတ္တာ