ကျွန်းစု ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင် အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်အား စုပေါင်းညီညာစွာ ရွတ်ဆိုခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ပြိုင်ပွဲတွင် အခြေခံပညာကျောင်း (၆)ကျောင်းမှ ပြိုင်ပွဲဝင်အသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အ.ထ.က ကျွန်းစု အသင်းနှင့် အ.လ.က ပြင်ထပ်အော်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ (၁ - ၁) ဖြင့် သရေ ကျခဲ့ကြောင်း၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ(၂၇) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)