ကျောက်တန်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် နရွဲချောင်းကျေးရွာအုပ်စု၊ နရွဲချောင်ကျေးရွာ ဇူလိုင်လ (၄)ရက်မှ သြဂုတ်လ (၁၉)ရက်နေ့အထိ တစ်လခွဲ အခြေခံမော်တာစက်ချုပ်သင်တန်းကို သင်တန်းသူ(၂၀)ဦးအား သင်တန်းဆရာမ(၂)ဦးမှ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ရာ အင်္ကျီပုံစံ (၄)မျိုး ဝမ်းဆက်အင်္ကျီများထိ သင်ယူတက်မြောက်လျက်ရှိပြီး သင်ကြားပို့ချနေမှုများအား ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဝတ်ရည်ရှိန်နှင့် ဝန်ထမ်းများ က ၂၄-၇-၂၀၂၃ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါသင်တန်းတက်ရောက်ပြီးပါက သင်တန်းသူများမှ မိမိကျေးရွာ၌ ကိုယ်ပိုင်တစ်ဦးတစ်ယောက် (သို့မဟုတ်) အစုအဖွဲ့ဖြင့်အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး သီလဝါစက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အခြေခံစက်ချုပ်မော်တာသင်တန်းဖွင့်လှစ်ခြင်းဖြင့် သင်တန်းသူများအနေဖြင့် မိမိ၊ မိမိမိသားစုအတွင်း ဝင်ငွေတိုးလုပ်ငန်းများ၊ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
မြို့နယ် (ပြန်/ ဆက်)