မောင်တော ဇူလိုင် ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ရွှေဇားကျေးရွာတွင် မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးသည် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ၊ ဂေါင်ညာကျေးရွာ ကွင်း အမှတ် ၉၆/ခ ကပ္ပကောင်းကွင်း တောင်သူ ၈၀ ဦး၏ လယ်မြေဧက ၁၀၅ ဧကတွင် စိုက်ပျိုးမည့် ဆင်းသွယ်လတ်စပါးပျိုးခင်းနှင့် လယ်မြေများအား မိုးစပါးများအချိန်မှီ စိုက်ပျိုးရန်အတွက် ထွန်စက်များ ၊ ကျွဲ၊ နွားများဖြင့် မြေပြုပြင်ထွန်ယက်နေမှုများ၊ ရွှေဇား ကပ္ပကောင်းကျေးရွာအုပ်စု ၊ ကွင်းအမှတ် (၉၆/ဃ) ကညင်ချောင်းကွင်းရှိ တောင်သူ ၂၂ ဦး၏ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးဆင်းသွယ်လတ် စိုက်ဧက ၂၅ တွင် စပါးများ ပျိုးထောင်ထားရှိမှုနှင့် တောင်သူများက မိုးစပါး စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးများ ပျိုးထောင်ထားရှိမှု နှင့်မြေပြုပြင်ထွန်ယက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြကာ လိုအပ်သည်များကို တာဝန်ရှိများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်(ပြန်/ဆက်)