ပိုင်ကျုံမြို့ တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

ပိုင်ကျုံ  ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  တနင်းသရောကျေးရွာ အ-မ-ကတနင်းသရောကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စုပေါင်းကာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်း အနားကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များအား မနက်အာရုံဆွမ်း ဆက်ကပ်ပူဇော်ခဲ့ပြီး ပိုင်ကျုံမြို့ မြို့မ-သာသနာပြု ကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တရားတော်များ၊ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

နော်ခူး(ပြန်/ဆက်)