မိုင်းတုံမြို့၌ မိုးစပါးနှင့် မိုးသီးနှံများ အထွက်တိုးစေရန် မြို့နယ်စိုက်ညှိအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဟိုပန်ကျေးရွာသို့ စိုက်ပျိုးရေးကြည့်ကြပ်မှုကော်မတီမှ ယမန်နေ့ နေ့လယ်ပိုင်းက မိုးစပါးနှင့် မိုးသီးနှံများအထွက်တိုးစေရန်နှင့် မြေလွတ်မြေရိုင်းများမကျန်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား တန့်ယန်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့မှ တိုးတက်ပြောင်းလဲမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း စဉ်ဆက်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် "ပတ္တမြား"ဆောင် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ မိုးနှမ်းအထွက်နှုန်းတိုးတက်ရေး ဆင်းရတနာ (၅)ဧကစံပြကွက်တွင်  ရွက်ဖျန်းမြေဩဇာ အပင်အားဆေး ပက်ဖြန်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉)ရှိ တောင်သူဦးဘိုညို၏ ဆင်းရတနာ(၅)ဧက စံပြကွက်တွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့်ဌာနဆိုင်ရာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက်က စည်ပင်သာယာရေးကော်မတီ၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးရုံး များသို့ သုတ/ရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။  
Subscribe to