ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.ကတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား  ဇီဝဆိုင်ရာအချက်အလက် ( Biometric Data) များ ကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က မြို့ပေါ်ရှိ  အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် ဘောလုံးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိုးလုံလေလုံအားကစားကွင်း၌ ဘောလုံးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ လယ်မြေဧက ၇၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၂၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၂၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌  ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

သာစည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ဘော်လီဘောပြိုင်ပွဲကို ဩဂုတ် ၃ ရက်နေ့တွင် မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။

စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ၊ကျေးရွာအုပ်စု(၃၈)အုပ်စုတို့ရှိတောင်သူ(၃၃၇၇)ဦးတို့အား၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း (၁၉၉၇၄.၀၀.၀၀၀) ကျပ်ကို ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်   မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့ အထိတောင်သူ(၃၃၇၇)ဦးတို့ တို့အား  မိုးစပါးစိုက်ပျိုးရန်အတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးဧက(၁၅၃၈၁)ဧကအတွက် စိုက်ပျိုးရန် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်က သဲစု (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ဟောပြောပွဲ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှု့ လေ့လာနိုင်စေရန်၊ စာပေကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ (၁) နာရီက သဲစုအခြေခံပညာ မူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာစိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်ကသဲစု(အ.မ.က)တွင်စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်ဟောပြောပွဲ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊စာပေများဖတ်ရှု လေ့လာခြင်းအားဖြင့်   အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန် ၊စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ(၁)နာရီက ကသဲစုအခြေခံပညာမူလတန်း ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to