တမူးမြို့ မြို့မဘုန်းတော်​ကြီးသင် ပညာရေး​ကျောင်း၌ အသက်(၅)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေး

တမူး၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မြို့မဘုန်းတော်​ကြီးသင် ပညာရေး​ကျောင်း၌ အသက်(၅)နှစ်အထက် ကိုဗစ်ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ကျောင်းသား/ ကျောင်းသူများနှင့် ထပ်ဆောင်းကာကွယ်​​ဆေး ထိုးနှံမည့် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၉) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် တမူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးမထိုးနှံမှီ  ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့၍ ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆက်လက်ဆောင်ရွက် ပေးခဲ့သည်။

တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအသက်အရွယ် အုပ်စုများအလိုက် မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တမူးခရိုင် (ပြန်/ဆက်)