လပွတ္တာမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ၃၂.၁၆ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်

လပွတ္တာ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မှ မြို့နယ်အတွင်းရှိ တောင်သူများထံသို့ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၈ရက်နေ့ မှစတင်ထုတ်ချေးခဲ့ရာ ဇူလိုင်လ ၂၆ရက်နေ့အထိ ၃၂.၁၆ ခိုင်နှုန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မေလ ၁၈ရက်နေ့တွင်စတင်ထုတ်ချေးခဲ့ရာ ဇူလိုင်လ ၂၆ရက်နေ့တွင် တောင်သူ (၁၁၆၇)ဦး၏ လယ်ဧက(၁၀၂၉၃)ဧကအတွက် ထုတ်ချေးငွေကျပ် (၁၅၄၃၉.၅၀) သိန်း အား ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။လပွတ္တာမြို့နယ်တွင်ရပ်ကွက် (၁၀) ခု၊ ကျေးရွာအုပ်စု (၆၄)အုပ်စု ရှိရာ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား တောင်သူ(၃၂၀၀) ဦး၏လယ်ယာမြေ ဧက (၃၂၀၀၀) ၊ ချေးငွေ ကျပ်သိန်း (၄၈၀၀၀) အား ထုတ်ချေးရန်လျာထားပြီး ကျန်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)