ကျိုက်လတ်၌ ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေး

ကျိုက်လတ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျုံလမုကျေးရွာအုပ်စု၊ ကျုံလမု ဘုန်းတော်ကြီး ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူလင်းက ၂၀၁၂-ခုနှစ် လယ်ယာမြေဥပဒေများ၊ ပုံစံ (၁၁) နှင့်ပုံစံ (၇) ဆိုင်ရာအချက်အလက်များ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူများမှ လိုက်နာရမည့် စည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ လယ်ယာမြေလုပ်ကိုင်ခွင့်၊ အမည်ပြောင်းလဲခြင်းများနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျုံလမု၊ ကွန်ပလိုင်းရွာသစ်၊ အိမ်ယာကြီး၊ တညီနှင့်ကျုံကျိုက်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)