ဖျာပုံမြို့၌ (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး​​ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းကအဖွင့် အမှာစကားဆွေးနွေးပြောကြားပြီး ဖျာပုံခရိုင်အဆို၊အက၊အရေး၊အတီး တာဝန်ခံဦးကျော်ဆွေက ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အတွင်းရှိအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲအလိုက်ပါဝင်ယှဥ်ပြိုင်နိုင်ရေး အတွက်စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ အဆို၊အက၊အရေး၊ အတီပြိုင်ပွဲဝင်များက (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များရရှိရေး ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်

ဖျာပုံခရိုင် (ပြန်/ဆက်)