မိုင်းတုံမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများနှင့် အားဖြည့်စာများ ပေးအပ်

မိုင်းခုတ် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများအား ယ​နေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးအဖွဲ့မှဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးတို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား(၇)အား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၁၀၀၀၀)ကျပ်နှင့် အားဖြည့်စာများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)