တွံတေးမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

တွံတေး ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လ ပထမသုံးလပတ်(၃) လစာအတွက် (၃၀၀၀ဝိ/-) ကျပ်ဆီကို ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၈၂၃)ဦးတို့အား တာဝန်ရှိသူတို့က အိမ်ရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့ပေါ်အုန်းပင်စုရပ်ကွက်တွင် အသက်၈၅နှစ်အထက် အဘိုးအဘွား(၁၄)ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်လ)အတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ကျပ်စီ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)