mTube Streaming လွှင့်တင်နည်း သင်တန်းသံတွဲ၌ဖွင့်လှစ်

သံတွဲ ဇူလိုင် ၂၇

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် mTube Streaming လွှင့်တင်နည်းသင်တန်းကို ယနေ့မွန်းလွဲ ၂ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က mTube Streaming လွှင့်တင်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သံတွဲခရိုင်ရုံးမှ ဓာတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးနေမျိုးအောင်က သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သံတွဲခရိုင်ရုံးဝန်ထမ်း ၇ ဦးနှင့် ငပလီမြို့ရုံးမှ ဝန်ထမ်း ၃ ဦး စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းတွင် mTube Streaming Software သို့ဝင်ရောက်နည်း၊ mTube လွှင့်တင်နည်း၊ Title ရေးထိုးနည်းနှင့် Ancoder တင်နည်းများကို အသေးစိတ်ရှင်းလင်း သင်ကြားပေးခဲ့သည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)