ဟုမ္မလင်း ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံများ စိုက်ပျိုးစီးမှု ၃၉၄၂၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး ထံမှသိရသည်။
ဟုမ္မလင်းမြို့နယ်တွင် နှံစားသီးနှံလျာထား ၆၄၄၂၄ ဧက၊ ပဲ အမျိုးမျိုး ၂၆၇ ဧက၊ ဆီထွက်သီးနှံ ၁၈ ဧက နှင့် စက်မှုသီးနှံများ ၈၃၇၂ ဧက၊ ကွမ်းသီးနှင့်ကွမ်းရွက် ၂၈၈ ဧက၊ ဟင်းခက်အမွှေး
ကြိုင် ၁၈၅ဧက၊ အခြားစားသုံးပင်သီးနှံမှာ အာလူး၊ ကော်ဖီ၊ လက်ဖက်၊ အုန်း၊ သစ်သီးပင်များစသည့် စုစုပေါင်း ၁၃၅၉၁ ဧက၊ ကြယ်ပဲ(ပရဆေး) ၁၅ ဧက၊ အခြားမစားသုံးပင် ၄၂၂၆ ဧက ရှိပြီး၊ မိုးသီးနှံ ဧက ၉၁၃၈၆ လျာထားပြီး၊ မိုးစပါးစိုက်ပျိုးပြိးမှု ၁၂၂၄၇ ဧက နှင့် မိုးသီးနှံများ စိုက်ပျိုးပြီးဧက ပေါင်း ၃၉၄၂၄ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းမှာ ၄၃ဒသမ ၁၄ ရာခိုင်နူန်းစိုက်ပျိုးပြီးစီးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လင်းလင်း(ပြန်/ဆက်)