မာန်အောင် ဇူလိုင်၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး၏ ဦးစီးပဓာန နာယက၊ အနန္တဂိုဏ်းဝင်ကျေးဇူးရှင် လွန်တော်မူဆရာတော်ကြီး(ဘဒ္ဒဣဿရိယ)၏ (၁)နှစ်ပြည့်အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအလှူတော်မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီခွဲက အဆိုပါ ကျောင်း ၌ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားကို ကြွရောက်လာကြသောသံဃာတော်များနှင့် တရားနာပရိတ်သတ်များက``နမောတဿ´´သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး ပရိတ်သတ်များက မောင်းမကံကျောင်း ဆရာတော်ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်များက ပရိတ်တရားတော်များကို ချီးမြှင့်ကြပြီး မောင်းမကံကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ လွန်တော်မူဆရာတော်ကြီး၏ အောက်မေ့ဖွယ်ရာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကျေးဇူးတော်များနှင့် သာဓုအနုမောဒနာတရားတော်မြတ်ကို နာယူ၍လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကာအခမ်းအနားကို``ဗုဒ္ဓသာသနံစိရံတိဋ္ဌတု´´သုံးကြိမ်ရွက်ဆိုအခမ်းအနားပြီးဆုံးခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)