သင်္ဃန်းကျွန်း ဇူလိုင် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာပေချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာရေးဆရာမ ခင်စောတင့်ရေး သားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ ”စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်း စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁:၀၀)နာရီအချိန်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးပြည်သူ့စာကြည့် တိုက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာ မောင်မောက်(ဝတ်လုံ)မှ လစဥ်ပြုလုပ် လျက်ရှိသည့် စာအုပ်စာပေ ၏အနှစ်သာရများကို ဆွေးနွေးခြင်းစာဖတ်ဝိုင်းကို တက်ရောက်ဆွေးနွေးသူများမှာ စာပေနှင့်ထိတွေလျက်ရှိသည့် စာရေးဆရာ၊ဆရာမများထက် စာပေနှင့်ကင်းကွာလျက်ရှိသည့် လူငယ်များ တက်ရောက်ဆွေးနွေးရန် လိုအပ်ကြောင်းနှင့်လူငယ်များအားဦးတည်ကာ ဆောင်ရွက်မည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
ဆက်လက်ပြီးလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ ဦးဆောင်ကာ”စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဉ်အားဆွေးနွေးခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များမှ “ရွေ့လျားစက်လှေကားပေါ်မှသူစိမ်း”၊ “သိုက်မြုံမှခွာသောအခါ”၊ “အချိန်အခါကိုသိပါ”၊ “သန်းခေါင်းယံ ကဖုန်းခေါ်သံ”စသည့် စာစုများ၌ ပါဝင်သည့် အကြောင်းအရာများအား လူမှုပတ်ဝန်းကျင်အသိုင်းအဝန်း၌ နေ့စဥ်ကြုံတွေနေရသည့်အဖြစ် အပျက်များနှင့် နှိုင်းယှဥ်ကာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ ကျန်ရှိသည့်အကြောင်းအရာ စာစုများအား ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)